ပင်မစာမျက်နှာBTC / EUR • ခရစ်ပတိုငွေကြေး
add
ဘစ်ကွိုင် (BTC / EUR)
ယခင် အပိတ်
၆၃,၇၄၀.၄၁
စျေးကွက်သတင်းများ
ဘစ်ကွိုင် အကြောင်း
ဘစ်ကွိုင် ဆိုသည်မှာ Satoshi Nakamoto ဆိုသူမှ ၂ဝဝ၈ ခုနှစ်တွင် တီထွင်ပြီး ၂ဝဝ၉ ခုနှစ်တွင် open-source အဖြစ် ထုတ်ပေးခဲ့သော
ဒယ်ဂျစ်တယ် ငွေကြေးပေးချေစနစ်တစ်ခုဖြစ်သည်။ စနစ်သည် peer-to-peer ဖြစ်သောကြောင့် အသုံးပြုသူများအနေဖြင့် တိုက်ရိုက်
အလွှဲအပြောင်းလုပ်နိုင်သည်။ ငွေကြေးအလွှဲအပြောင်းများအား block chain ဟုခေါ်သည့် နက်ဝက်အစွန်းများဖြင့် အတည်ပြုသည်။
စနစ်သည် ဗဟိုထိန်းချုပ်မှုမရှိဘဲ လုပ်ဆောင်သည်။ ယခင် စနစ်များရှိသော်လည်း ဘစ်ကွိုင်အား တခါတရံတွင် ခရိုက်တိုငွေကြေးဟု ခေါ်ကြသည်။
ဘစ်ကွိုင်အား ဗဟိုထိန်းချုပ်မှုကင်းသော virtual ငွေကြေးဟု ပိုမိုမှန်ကန်စွာ ဖော်ပြကြသည်။ ယင်းသည် ဈေးကွက်တန်ဖိုးအားဖြင့် အမြင့်ဆုံးအမျိုးအစားလည်း ဖြစ်သည်။
ဘစ်ကွိုင်များအား ကွန်ပျူတာ၏ လုပ်ဆောင်နိုင်စွမ်းများအား အသုံးချကာ တန်ကြေးအနေဖြင့် ဖန်တီးယူကြသည်။ ယင်းဖြစ်ရပ်အား မိုင်းတူးခြင်း ဟုခေါ်ပြီး
လွှဲပြောင်းခနှင့် ဘစ်ကွိုင် အသစ်များအား ရရှိကြသည်။ မိုင်းတူးခြင်းဖြင့် ရရှိသော်လည်း ဘစ်ကွိုင်များအား အခြားငွေကြေး၊ ပစ္စည်း၊ ဝန်ဆောင်မှုများဖြင့် ကုန်သွယ်ဖလှယ်နိုင်သည်။ အသုံးပြုသူများသည် အလွှဲအပြောင်း လုပ်ဆောင်နိုင်သည်။
ဘစ်ကွိုင်အား ပေးချေမှုစနစ်အဖြစ် အသုံးပြုလာသည်မှာ တိုးပွားလာခဲ့သည်။ ကုန်သည်များသည်လည်း လက်ခံကုန်သွယ်ရန် လိုလားကြသည်။ အဘယ်ကြောင့်ဆိုသော် Wikipediaယူရို အကြောင်း
ယူရို သည် ယူရိုဇုန် အဖွဲ့တွင် ပါဝင်သော နိုင်ငံများတွင် အသုံးပြုသော ငွေကြေးဖြစ်သည်။ တစ် ယူရို ကို ၁၀၀ ဆင့် ပါဝင်သည်။ or "cents".
၁၉၉၉ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၀၂ ခုနှစ် နှစ်စအထိ တကယ့်ငွေကြေးကဲ့ သို့ အသုံးမပြုသေးပါ။ ၂၀၀၂ ခုနှစ်အတွင်း အီးယူ နိုင်ငံပေါင်း ၁၂ နိုင်ငံက သက်ဆိုင်ရာ ငွေကြေးများကို ပယ်ဖျက်ပြီး ယူရိုငွေစက္ကူ နှင့် အကြွေစေ့များကို စတင်အသုံးပြုခဲ့သည်။ ထိုအတော အတွင်း အသွင်ပြောင်းကာလ ဟု သတ်မှတ်ပြီး ယခင်ငွေကြေး အဟောင်းများနှင့် ယူရိုကို တွဲသုံးစေသည်။ သို့သော် ၂၈ ဖေဖော်ဝါရီ ၂၀၀၂ အရောက်တွင်မူ အဆိုပါ ၁၂ နိုင်ငံသည် ယူရိုငွေကြေးကို သာ သုံးစွဲစေတော့သည်။
၂၀၀၇ ခုနှစ်တွင် ဆလိုဗေးနီးယား သည် ၁၃ ခုမြောက် အဖြစ်လည်းကောင်း၊ ၂၀၀၈ တွင် ဆိုက်ပရပ် နှင့် မော်တာ နိုင်ငံတို့သည် ၁၄ ခုမြောက်နှင့် ၁၅ ခုမြောက် အဖြစ်လည်းကောင်း၊ ၂၀၀၉ တွင် ဆလိုဗက်ကီးယား သည် ၁၆ ခုမြောက် အဖြစ်လည်းကောင်း၊ ၂၀၁၁ တွင် အက်စတိုးနီးယားသည် ၁၇ ခုမြောက် ယူရိုငွေကြေးသုံးသော နိုင်ငံများ အသီးသီး ဖြစ်လာကြသည်။
ယူရိုငွေစက္ကူ ၇ မျိုးရှိပြီး တစ်မျိုးစီ အတွက် သီးသန့် အရောင်၊ အရွယ်အစား နှင့် တန်ဖိုးများ ရှိကြသည်။၎င်းတို့မှာ -
€၅ မီးခိုးရောင်
€၁၀ အနီရောင်
€၂၀ အပြာရောင်
€၅၀ လိမ္မော်ရောင်
€၁၀၀ အစိမ်းရောင်
€၂၀၀ အဝါရောင်
€၅၀၀ ခရမ်းရောင် တို့ဖြစ်ကြသည်။
အကြွေစေ့များတွင် ၈ မျိုးရှိပြီး
€၀.၀၁
€၀.၀၂
€၀.၀၅
€၀.၁၀
€၀.၂၀
€၀.၅၀
€ ၁
€ ၂ Wikipedia