ပင်မစာမျက်နှာEUR / DOP • ငွေကြေး
add
EUR / DOP
ယခင် အပိတ်
၆၄.၀၆
စျေးကွက်သတင်းများ
ယူရို အကြောင်း
ယူရို သည် ယူရိုဇုန် အဖွဲ့တွင် ပါဝင်သော နိုင်ငံများတွင် အသုံးပြုသော ငွေကြေးဖြစ်သည်။ တစ် ယူရို ကို ၁၀၀ ဆင့် ပါဝင်သည်။ or "cents".
၁၉၉၉ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၀၂ ခုနှစ် နှစ်စအထိ တကယ့်ငွေကြေးကဲ့ သို့ အသုံးမပြုသေးပါ။ ၂၀၀၂ ခုနှစ်အတွင်း အီးယူ နိုင်ငံပေါင်း ၁၂ နိုင်ငံက သက်ဆိုင်ရာ ငွေကြေးများကို ပယ်ဖျက်ပြီး ယူရိုငွေစက္ကူ နှင့် အကြွေစေ့များကို စတင်အသုံးပြုခဲ့သည်။ ထိုအတော အတွင်း အသွင်ပြောင်းကာလ ဟု သတ်မှတ်ပြီး ယခင်ငွေကြေး အဟောင်းများနှင့် ယူရိုကို တွဲသုံးစေသည်။ သို့သော် ၂၈ ဖေဖော်ဝါရီ ၂၀၀၂ အရောက်တွင်မူ အဆိုပါ ၁၂ နိုင်ငံသည် ယူရိုငွေကြေးကို သာ သုံးစွဲစေတော့သည်။
၂၀၀၇ ခုနှစ်တွင် ဆလိုဗေးနီးယား သည် ၁၃ ခုမြောက် အဖြစ်လည်းကောင်း၊ ၂၀၀၈ တွင် ဆိုက်ပရပ် နှင့် မော်တာ နိုင်ငံတို့သည် ၁၄ ခုမြောက်နှင့် ၁၅ ခုမြောက် အဖြစ်လည်းကောင်း၊ ၂၀၀၉ တွင် ဆလိုဗက်ကီးယား သည် ၁၆ ခုမြောက် အဖြစ်လည်းကောင်း၊ ၂၀၁၁ တွင် အက်စတိုးနီးယားသည် ၁၇ ခုမြောက် ယူရိုငွေကြေးသုံးသော နိုင်ငံများ အသီးသီး ဖြစ်လာကြသည်။
ယူရိုငွေစက္ကူ ၇ မျိုးရှိပြီး တစ်မျိုးစီ အတွက် သီးသန့် အရောင်၊ အရွယ်အစား နှင့် တန်ဖိုးများ ရှိကြသည်။၎င်းတို့မှာ -
€၅ မီးခိုးရောင်
€၁၀ အနီရောင်
€၂၀ အပြာရောင်
€၅၀ လိမ္မော်ရောင်
€၁၀၀ အစိမ်းရောင်
€၂၀၀ အဝါရောင်
€၅၀၀ ခရမ်းရောင် တို့ဖြစ်ကြသည်။
အကြွေစေ့များတွင် ၈ မျိုးရှိပြီး
€၀.၀၁
€၀.၀၂
€၀.၀၅
€၀.၁၀
€၀.၂၀
€၀.၅၀
€ ၁
€ ၂ Wikipediaဒိုမီနီကန် ပီဆို အကြောင်း
ဒိုမီနီကန် ပီဆို သည် ၂၀၁၁ ခုမှစ၍ ဒိုမီနီကန်တွင် သုံးသည့် ငွေကြေးစနစ် ဖြစ်၏။ ငွေကြေးသင်္ကတအဖြစ် $ ကို သုံးသည်။ အခြားဒေါ်လာများနှင့် ယှဉ်ရေးက RD$ ဟူ၍ သုံးသည်။ တပီဆိုတွင် စင်တာဗို ၁၀၀ ရှိသည်။ ၎င်းအတွက် ¢ သင်္ကတကို သုံးသည်။ ၂၀၁၁ မတိုင်မီက ငွေကြေးစနစ်၏ တရားဝင်အမည်မှာ ပီဆိုအော်ရို ဖြစ်သည်။ Wikipedia