ပင်မစာမျက်နှာJPY / CUP • ငွေကြေး
add
JPY / CUP
ယခင် အပိတ်
၀.၁၅
စျေးကွက်သတင်းများ
ဂျပန် ယန်း အကြောင်း
ဂျပန်ယန်းငွေ သည် ဂျပန်နိုင်ငံ တွင် သုံးနေသော ငွေကြေးဖြစ်သည်။ သင်္ကေတ အားဖြင့် ရောမစပ် အက္ခရာ ¥ ဖြင့် ကိုယ်စားပြုသည်။ ဂျပန်ဘာသာစကား အရ ရေးသားရာတွင် ခန်းဂျီး အက္ခရာ 円 ကို သုံးသည်။ အကြွေစေ့များသည် ပေါ့ပါးပြီး ၁ ¥ မှ ¥ ၅၀၀ ထိရှိသည်။ ငွေစက္ကူ တွင် ¥ ၁၀၀၀၀ တန် အရွက် မှာ အမြင့်ဆုံး တန်ဖိုး ဖြစ်သည်။ ဂျပန်ငွေကြေးသည် တန်ဖိုးမြင့်ပြီး ကမ္ဘာပေါ်တွင် တတိယ အသုံးများသော ငွေကြေးဖြစ်သည်။ မြန်မာနိုင်ငံတွင် လည်း ဂျပန်တို့ အုပ်ချုပ်သော ဂျပန်ခေတ်တွင် အသုံးပြုခဲ့ကြသည်။ Wikipediaကျူးဘား ပီဆို အကြောင်း
ကျူးဘား ပီဆို သည် နိုင်ငံတွင်း၌ မိုနီဒါ နာစီယန်နယ် ဟု သိကြသော ကျူးဘားနိုင်ငံ၏ တရားဝင်ငွေကြေး ဖြစ်သည်။
၂၀၂၁ ခု၊ ဇန်နဝါရီလ ၁ ရက် မတိုင်ခင်အထိ ကျူးဘားတွင် ပီဆို မျိုး ထုတ်သည်။ တမျိုးမှာ ဒေါ်လာနှင့်ချိတ်ထားသော ငွေလဲနိုင်သောပီဆိုဖြစ်ပြီး ကျန်တခုမှာ ပြည်တွင်း၌ လည်ပတ်သုံးစွဲသည့် ပီဆိုတည်း။ တပီဆိုတွင် ၁၀၀ စန်တဗို ရှိသည်။ ငွေလဲနိုင်သောပီဆိုအား အမေရိကန်ဒေါ်လာ တဒေါ်လာနှင့် ချိတ်ထားသည်။ ယင်း ငွေလဲနိုင်သောပီဆိုမှာ ပြည်တွင်းသုံး ၂၅ ပီဆို တန်၏။ သို့သော် မည်သည့်ပီဆိုကိုမှ နိုင်ငံပြင်သို့ ထုတ်ခွင့်မပြု။ ပြင်တွင်းသို့ ယူလာသည်ကို၎င်း၊ ပြည်ပသို့ ထုတ်သွားသည်ကို၎င်း ဥပဒေအရ တားမြစ်ထားသည်။
၂၀၂၀ ပြည့်၊ ဒီဇင်ဘာလ ၁၀ ရက်တွင် ငွေလဲနိုင်သောပီဆိုကို လည်ပတ်မှုမှ တဖြည်းဖြည်း ဖယ်ရှားသွားမည်ဟု ကြေညာသည်။ ၂၀၂၁ ခု၊ ဇန်နဝါရီလ ၁ ရက်တွင် ငွေကြေးလည်ပတ်ရာတွင်သုံးသော တခုတည်းသော ငွေကြေးဖြစ်လာပြီး အမေရိကန် တဒေါ်လာကို ၂၄ ပီဆိုနှင့် ချိတ်သည်။ ထိုနေ့မှစ၍ ဘဏ်နှင့် ငွေလဲဌာနများတွင် ပီဆိုတမျိုးတည်းသာ ထုတ်ပေးတော့၏။ ယခင်က ကျူးဘား နိုင်ငံပိုင်လုပ်ငန်းများသည် တဒေါ်လာ-တပီဆိုနှုန်းဖြင့် လုပ်ကိုင်ကြခြင်းကြောင့် ဤလုပ်ဆောင်ချက်မှာ နည်းပညာအရ ပီဆိုကို တန်ဖိုးကျစေသည်။
ငွေကြေးစနစ်မပေါင်းမီက ကျူးဘားရှိ နိုင်ငံလုပ်သားအများစုသည် အခြေခံလစာကို ပြည်တွင်းသုံးပီဆိုဖြင့် ရသည်။ အချို့ဌာနတို့က ငွေလဲနိုင်သောပီဆိုနှင့် ရ၏။ Wikipedia